ရီးယဲလ်မက်ဒရစ်အသင်းသည် စပါးအသင်းတွင် ဟာရီကိန်း၏အခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်းအနေဖြင့် အဓိကချန်ပီယံဆုများ စိန်ခေါ်နိုင်စွမ်း မရှိခြင်းကို စိတ်ပျက်နေပြီး လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ဟာရီကိန်းသည် ယခုရာသီကုန်တွင် ၎င်း၏အနာဂတ်အတွက် ဆုံးဖြတ်မည်ဟု ပြောကြားထားပြီး ရာသီကုန်တွင် အသင်းဥက္ကဋ္ဌ လီဗီနှင့် ဆွေးနွေးဖွယ်ရှိနေကြောင်း သိရှိရသည်။

စပိန်အားကစားသတင်းစာ Mundo Deportivo ၏ဖော်ပြချက်အရ စပါးအသင်းဥက္ကဋ္ဌ လီဗီသည် လိုအပ်ပါက ဟာရီကိန်းကို ရောင်းထုတ်မည်ဖြစ်သော်လည်း ပြည်ပကလပ်များကိုသာ ရောင်းချလိုနေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် လာမည့်ရာသီတွင် အသင်း၏တိုက်စစ်ပိုင်းအားဖြည့်ရန်အတွက် ဘာပေ၊ ဟော်လန်းတို့အပြင် ဟာရီကိန်း၏ အခြေအနေကိုပါ စောင့်ကြည်နေခြင်းဖြစ်သည်။
ဟာရီကိန်းအား ခေါ်ယူရန် ရီးယဲလ်အသင်းအပြင် မန်စီးတီး၊ မန်ယူနှင့် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး စပါးအသင်းးအနေဖြင့် ၎င်းအတွက် ယူရိုသန်း (၁၅၀)ကျော် အလိုရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။








