spot_img

ဘန်ဇီမာအား လက်ရွေးစင်အသင်းတွင်တစ်ကျော့ပြန်ရွေးချယ်ခဲ့ပြီးနောက် ပြင်သစ်အသင်း၏ဂျာစီရောင်းအား အဆမတန်မြင့်တက်

ပြင်သစ်လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်မေ (၁၈)ရက်နေ့က ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အသင်းလူစာရင်းကိုထုတ်ပြန်ခဲ့ရာတွင် ဘန်ဇီမာအား တစ်ကျော့ပြန်ရွေးချယ်ခဲ့ပြီးနောက် အသင်း၏ဂျာစီရောင်းအားမှာ အဆမတန်မြင့်တက်လာခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၈၁)ပွဲကစားပြီး (၂၇)ဂိုးသွင်းယူပေးခဲ့သူဘန်ဇီမာ (၃၃ နှစ်)သည် လူမှုရေးပြဿနာအချို့ကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လက်ရွေးစင်အသင်းတွင်ရွေးချယ်မခံရတော့ဘဲ ယူရို-၂၀၁၆ နှင့် ၂၀၁၈ ကမ္ဘာ့ဖလားတို့ကို လွဲချော်ခဲ့သူဖြစ်သည်။ ကြားကာလတွင် ဘန်ဇီမာအား လက်ရွေးစင်အဖြစ်ပြန်လည်ရွေးချယ်ရန် တိုက်တွန်းမှုများရှိခဲ့သော်လည်း ပြင်သစ်လက်ရွေးစင်အသင်းတာဝန်ရှိသူများက အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့သည်။

myan789

သို့သော် လက်ရှိပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဒေးရွှမ့်က လက်ရွေးစင်အသင်းနှင့် (၅)နှစ်ကျော်ကြာဝေးကွာခဲ့သူ ဘန်ဇီမာအား လာမည့်ဇွန်လအတွင်း ဝေးလ်စ်၊ ဘူလ်ဂေးရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစွမ်းပွဲများအတွက်
တစ်ကျော့ပြန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဘန်ဇီမာအား ပြင်သစ်လက်ရွေးစင်အသင်းတွင် တစ်ကျော့ပြန်ရွေးချယ်ခဲ့ပြီဟု ကြေညာခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းဂျာစီရောင်းအားမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း (၂၄၀၀%)အထိ အဆမတန်မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

ဘန်ဇီမာသည် အသက် (၂၀)နှစ်အရွယ် ၂၀၀၇ ခုနှစ်က ပြင်သစ်လက်ရွေးစင်အသင်းတွင် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဆယ်ဦးမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular