လာလီဂါထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ဘာစီလိုနာအသင်းသည် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း၏ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဂီမာရေ့စ်အား ယူရိုသန်း (၁၀၀) (ပေါင် ၈၇)သန်းဖြင့် ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။
ဂီမာရေ့စ်သည် ယခုရာသီအစကမှ ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်းထံမှ နယူးကာဆယ်အသင်းထံသို့ယူရို (၄၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနှင့် ပထမဆုံးရာသီတွင်ပင် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့သူဖြစ်သည်။
အသက် (၂၅)နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့သည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းတွင်လည်း ပါဝင်ခွင့်ရခဲ့သည့် ၎င်းအား ဥရောပထိပ်တန်းအသင်းကြီးများက စောင့်ကြည့်လျက်ရှိပြီး ယခုအခါ ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားလာခဲ့ခြင်းလည်း ဖြစ်သည်။

နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၄)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားရာ အဓိက ကစားသမားများအား ဆက်ထိန်းထားရန် ဆန္ဒရှိနေသည်ဟု သိရှိရသည်။








